The Ministry of Ungentlemanly Warfare
အခုမှလောလောလတ်လတ်ထွက်ရှိထားတဲ့နာမည်ကြီးနေတဲ့ Rating ကောင်းကောင်းနဲ့ဇာတ်ကားသစ်လေးတစ်ကားကိုမိတ်ဆက်ပေးပါရစေ။ဇာတ်ကားနာမည်ကတော့ The Ministry Of Ungentlemanly Warfare ဖြစ်ပြီးဗြိတိန်နဲ့ဂျာမန်တို့တိုက်ပွဲဖြစ်စဉ်ကာလကဖြစ်ရပ်မှန်စစ်ဆင်ရေးတစ်ခုကိုအခြေခံစိတ်ကူးယဉ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။လက်ရှိ IMDb Rating ကတော့ 7.1 ဖြစ်ပြီး လက်ရှိရေပန်းစားနေတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ဥရောပတိုက်မှာစစ်ပွဲတွေကပြင်းထန်စွာဖြစ်နေခဲ့ပြီးဟစ်တလာနဲ့သူ့ရဲ့နာဇီစစ်တပ်တွေက ပိုလန် ဘယ်လ်ဂျီယံ ပြင်သစ်တို့ကိုသိမ်းပိုက်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ဗြိတိန်ကိုသိမ်းပိုက်ဖို့အတွက်ချီတက်လာပြီပဲဖြစ်ပါတယ်။ဗြိတိန်တွေကအမေရိကန်ကိုမဟာမိတ်အနေနဲ့စစ်ကူခေါ်ပေမဲ့အဲ့ဒီအချိန်တုန်းကအရမ်းကြမ်းခဲ့တဲ့ နာဇီတွေရဲ့ U-Boat ခေါ်ရေငုပ်သင်္ဘောတွေကအမေရိကန်တွေဘယ်လိုမှဝင်လာပြီးကူညီပေးလို့မရအောင်အတ္တလန်တိတ်သမုဒ္ဒရာကြီးကိုကြီးစိုးထားနေခဲ့ပါတယ်။ဒီလိုနဲ့စစ်ကူခေါ်လို့လဲမရ လက်နက်လဲမချချင်တဲ့ ဥရောပရဲ့နောက်ဆုံးခံစစ်ဖြစ်တဲ့ဗြိတိန်ကနောက်ဆုံးရွေးချယ်စရာအနေနဲ့နာဇီတွေသူတို့တွေရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကိုဖြတ်တောက်ထားသလို သူတို့ရဲ့ရေငုပ်သင်္ဘောတွေကိုလဲထိုနည်းတူပြန်လုပ်ဖို့ နောက်ဆုံးကောက်ရိုးလေးတစ်မျှင်အနေနဲ့စစ်ဆင်ရေးတစ်ခုကိုအသက်သွင်းခဲ့ပါတော့တယ်။အဲ့ဒီစစ်ဆင်ရေးကတော့ဂျာမန်ရေငုပ်သင်္ဘောတွေလိုအပ်တဲ့ပစ္စည်းတွေကိုပို့ဆောင်ပေးမဲ့သင်္ဘောတွေကိုနှစ်မြှုပ်အောင်တိုက်ခိုက်ရမှာဖြစ်ပြီး အဲ့ဒီစစ်ဆင်ရေးအတွက်ဘယ်လိုလူတွေကိုရွေးချယ်ခဲ့တယ် ရွေးချယ်ခံရတဲ့လူတွေကရောနိုင်ငံအတွက်ဘယ်လိုစွန့်စားပြီးတာဝန်ကိုထမ်းဆောင်ကြမယ်ဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ...more